Monday, November 10, 2014

သူ့ကို ချစ်တာ အရူးအမူး

အတွေးလေးထဲ
ချာလည်လည်
နင့်ကိုချစ်တာ
တစ်ကမ္ဘာကွယ်
နောင်ခါအတွက်
မရည်စူး
ဒီဘ၀မှာ
အချစ်ဦးမို့
နင့်အချစ်ကို
အရူးအမူး.......................။

မဖတ်ချင်တော့တဲ့ ပုံပြင်

ဖေဖော်ဝါရီ အချစ်လတဲ့လား။ သီချင်းတစ်ပုဒ်မှာ ကြားဖူးလိုက်ပါတယ်။ ဖေဖော်ဝါရီ ဒီလပေါ့ တို့တွေ ဆုံခဲ့ကြတာ။ အချိန်က ညီအစ်ကို မသိတသိ အချိန်။ လူလုံးမကွဲတော့တဲ့အချိန်ပေါ့။ အဲ့ဒီအချိန်တွေ ကျော်လွန်ခဲ့တာ နွေ၊ မိုး၊ ဆောင်း တော်တော်ကြာပြီ ထင်ပါရဲ့။ နှစ်တိုင်း အဲ့နေ့လေးကို ကိုယ်တစ်ယောက်တည်းကျော်ဖြတ်ခဲ့မိတာလဲ ကြာခဲ့ပါပြီ။ အတိတ်ကို အတိတ်မှာပဲ ထားလိုက်တော့မယ် ဆိုမှ ပြန်လည်တူးဆွဖို့ မကြိုးစားပါနဲ့လားကွယ်။ မေ့နေပြီးသားပဲ ပြန်လည်တူးဖော်ပြီး ကစားမလို့လား။ ကိုယ်ကြောက်ပါတယ်။ အတိတ်ဆိုတာ အတိတ်မှာပဲရှိသင့်တယ်မလား။ ပြန်လည် တူးဖော်မယ် ဆိုရင် နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာထိ တူးဖော်လိုက်ပါကွယ်။ အပေါ်ယံရှပ်ယုံတော့ တူးဖော်မနေပါနဲ့။ အချိန်ကုန်လူပင်ပန်းပါတယ်။ ကိုယ်အခုဆို တစ်ယောက်ထဲ ကျင့်သားရအောင် ကြိုးစားနေတာ အခြေအနေ တစ်ခုထိရနေပါပြီလေ။ တည်ငြိမ်နေတဲ့ ကန်ရေပြင်ကို ခဲလုံးလေးတွေ လာမပစ်ပါနဲ့လားကွယ်။
 တစ်ကယ်ဆို ကိုယ့်နှလုံးသားက ခုမှ တည်ငြိမ်ကာစမို့ပါ။ အတိတ်က အကြောင်းတွေကို ပုံပြင်တစ်ပုဒ်လိုပဲ ကိုယ်စာအုပ်ထဲ ထည့်သိမ်းထားခဲ့တာပါ။ ပုံပြင်ဖတ်ဖို့ ပြန်လာတာပါဆိုရင် ကိုယ် ပြန်ပေးမဖတ်ပါရစေနဲ့။ အနာတရတွေရှိနေတဲ့ အဲ့ပုံပြင်ကို ကိုယ် ထပ်မဖတ်ချင်တော့လို့ မမြင်ရတဲ့နေရာလေးမှာ ကိုယ်သိမ်းထားလိုက်ပြီ။ ခုလိုအခြေအနေမှာ နေသားတကျ အစီအစဉ် တကျနေကျတာပေါ့။ ရောက်တဲ့နေရာ ကျရာနေရာမှာ မပျော်လဲ ပျော်အောင်သာနေပါ။ လမ်းခွဲစကားဆိုပြီး ကွဲကွာသွားတာမဟုတ်လို့ လမ်းတွေ့ရင်တော့ ပြုံးပြနိုင်ပါတယ်ကွယ်။